ရေခဲမုန့်၊ ရေခဲခြစ်၊ ရေခဲသုပ် စတဲ့ အအေးစာတွေကို ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူတဲ့ ကီဝီသီး ရေခဲခြစ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကီဝီသီး ၄ လုံး
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကီဝီသီးများကို ထက်ခြမ်း ခြမ်းပြီးနောက် ကီဝီသီး အသားကို ဇွန်းဖြင့် ခပ်ထုတ်လိုက်ပါ။

၂။ ရရှိလာတဲ့ ကီဝီသီးကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်ပါ။

၃။ ကျန်ရှိနေသော ပါဝင်ပစ္စည်းများဖြစ်ကြတဲ့ သကြား၊ ပျားရည်၊ သံပုယိုရည်နှင့် ရေတို့ကို သစ်သီးဖျော်စက်ထဲ တစ်ပါတည်းထည့်ပြီး အရည် မကျဲ မပျစ်လေးဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ကီဝီသီးဖျော်ရည်များကို ဇောက်နက်သော လင်ဗန်းထဲ လောင်းထည့်ကာ ရေခဲသေတ္တာအအေးခန်းထဲတွင် ၂ နာရီတိတိ အအေးခံထားလိုက်ပါ။

ထိုကဲ့သို့အအေးခံနေစဉ်အတောအတွင်း ၁၅ မိနစ်မှ မိနစ် ၃၀ ကြာတိုင်းတွင် တစ်ကြိမ် ရေခဲများကို ခက်ရင်းဖြင့် ထိုးဆွပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်အောင် အအေးခံပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကီဝီသီး ရေခဲခြစ်လေး ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ ကီဝီသီး မကြိုက်ဘူးဆိုရင်တော့ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ဖရီသီး စတဲ့ မိမိကြိုက်နှစ်သက်ရာ သစ်သီးများဖြင့် အစားထိုးကာ အရသာရှိတဲ့ သစ်သီးရေခဲခြစ် လုပ်စားနိုင်ပါသေးတယ်။

Source: Fifteenspatulas.com