ပင်လယ်စာ ပုစွန်ကြော် ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ ရှောက်ရွက်ရနံ့လေး သင်းနေတဲ့ တုန်ယမ်းအရသာ ပုစွန်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၆ ပေါင်
  • စပါးလင် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဂျင်းတုံး အတုံးသေး ၁ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)
  • ရှောက်ရွက် ၃ ရွက် (ပါးပါးလှီးထားပါ)

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • တုန်ယမ်းအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၁ လုံး
  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား အနည်းငယ်နှင့် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေး တစ်လုံးထဲတွင် ခရုဆီ၊ ကြက်ဥ ၁ လုံး၊ ပြောင်းမှုန့်နှင့် ဆား အနည်းငယ်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ပုစွန်ကိုလည်း ရေဆေး သန့်စင်ပြီး ခြေလက်များကို ဖယ်ရှားထားလိုက်ပါ။ ထို့နောက် စောစောက ခရုဆီရောအနှောဖြင့် သမောအင် နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီများများ ထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ ရွှေရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ကြော်ပြီးတဲ့ပုစွန်များကို ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ စပါးလင်၊ ဂျင်း၊ ငရုတ်သီးတောင့်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် တုန်ယမ်းအနှစ်၊ ရေ၊ ပျားရည်၊ ငရုတ်သီးဆော့စ်၊ ရှာလကာရည်၊ ခရမ်းချဉ်သီးအနှစ်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၄။ ထို့နောက် ဆော့စ်အနှစ်အရောအနှောထဲသို့ ပုစွန်ကြော်များထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ အားလုံးသမသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ပြီးမှ မိရောနိစ်လေးထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ရှောက်ရွက်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ ရှောက်ရွက်အနံ့လေး သင်းနေတဲ့ တုန်ယမ်းအရသာ ပုစွန်ကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodnetwork.com