မနက်စာအတွက်ပဲဖြစ်ဖြစ်၊ အပျင်းပြေမုန့်လုပ်စားချင်ရင်ပဲဖြစ်ဖြစ် လုပ်စားလို့ရအောင် အာဟာရရှိတဲ့ ငှက်ပျောသီး Bread Toast လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ပေါင်မုန့်တွေကို ဘေးသားတွေလှီးထုတ်ပြီး ပြားသွားအောင် ဒလှိမ့်တုံးနဲ့ပဲဖြစ်ဖြစ် လိမ့်ပေးပါ။

ငှက်ပျောသီး ၃ လုံးကို အဝိုင်းလေးတွေလှီးပါ။ ဒယ်အိုးထဲကို ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက်ထည့်ပြီး ထောပတ်ပျော်သွားပြီဆိုရင် လှီးထားတဲ့ ငှက်ပျောသီးထည့်၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပါ။ ငှက်ပျောသီးတွေကြေသွားရင် အောက်ချလိုက်လို့ရပါပြီ။

ပန်းကန်လုံးထဲကို ကြက်ဥ ၂ လုံးဖောက်ထည့်ပြီး နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း၊ Cinnamon အမှုန့် အနည်းငယ်ထည့်ပြီး မွှေပါ။

ပေါင်မုန့်တစ်ချပ်ကိုယူပြီး ကြော်ထားတဲ့ ငှက်ပျောသီး တစ်ဇွန်းထည့်ပါ။ ပြီးရင် မွှေထားတဲ့ ကြက်ဥအရည်တွေကို ပေါင်မုန့်မှာ နည်းနည်းသုတ်ပြီး လိပ်ပါ။ ပြီးရင် ကြက်ဥပန်းကန်ထဲထည့်နှစ်ပါ။ ဒယ်အိုးထဲကို ထောပတ် စားပွဲတင်ဇွန်း တစ်ဇွန်းလောက်ထည့်ပြီး ထည့်ကြော်ပါ။

ကြော်ပြီးသွားပြီဆိုရင်တော့ ပန်းကန်ထဲထည့်စားလို့ရပါပြီ။ ဒါဆိုရင်တော့ အာဟာရရှိတဲ့ ငှက်ပျောသီး Bread Toast လုပ်နည်း ပြီးသွားပါပြီ။

Source: www. thecookingfoodie