ပြောင်းဖူးရဲ့ချိုချိုစိမ့်စိမ့်အရသာကို မကြိုက်၊မနှစ်မျို့တဲ့လူ ရှာမှရှားလှပါတယ်။ ပြုတ်စားစား၊ဖုတ်စားစား အရသာအထူးကောင်းမွန်တဲ့ ပြောင်းဖူးကို ဒီတစ်ခေါက်မှာလည်း တမျိုးလေးထူးပြီး စားကြရအောင်နော်။ စားလေ့မရှိဘဲ အသုပ်ပုံစံလေးဆိုတော့ နေ့ခင်းနေ့လည် အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေစားလို့လည်းရပြီပေါ့။
Salad အနှစ် အတွက် ပါဝင်ပစ္စည်းများ
- အမွှေးအကြိုင်ခတ်ပြီးသား ဆန်ရှာလကာရည် – ခွက် ၃ ပုံ ၁ ပုံ
- ရေ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- တောရှုံးပင်ခြောက် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပါဝင်ပစ္စည်းများ
ဟင်းရွက်ပြုတ်ရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြောင်းဖူး – ခွက် ၂ ခွက်နှင့်တစ်ဝက်
သခွားသီး (လှီးပြီးသား) – ၁ ခွက်
ငရုတ်သီးစိမ်း (လှီးပြီးသား) – ၁ ခွက်
ခရမ်းချဉ်သီး (လှီးပြီးသား) – အကြီး ၁ လုံး
ကြက်သွန်နီ (လှီးစိတ်ပြီးသား) – အသေး ၁ လုံး
ပြင်ဆင်ပုံအဆင့်ဆင့်
လက်ကိုင်တပ်ဒယ်အသေးထဲတွင် ဟင်းရွက်ပြုတ်ရည်နှင့်ပြောင်းဖူးတို့ကို ထည့်ပေးပါ။
မီးရှိန်မြင့်မြင့်တွင် ၃ မိနစ်မှ ၅ မိနစ်ချက်ပေးပါ။
ပန်းကန်လုံးသပ်သပ်ထဲ သခွားသီး၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ချက်ပြီးသားပြောင်းဖူးတို့ကို ထည့်ပါ။
အနှစ်အတွက် ပါဝင်ပစ္စည်းအကုန်လုံးကို ခွက်တစ်ခွက်ထဲရောနယ်ပြီး ပြောင်းဖူး salad ပေါ်လောင်းချပါ။
ချက်ချင်းလက်ငင်းဖြစ်ဖြစ် ၂နာရီ-၃နာရီကြာ အအေးခံပြီးမှဖြစ်ဖြစ် ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။