ကိုရီးယားကင်ချီတွေက ချဉ်ချဉ်စပ်စပ်လေးနဲ့ အမှန်တကယ်ကို စားလို့ကောင်းပါတယ်။ ထမင်းကြော်၊ ခေါက်ဆွဲပြုတ်တို့နဲ့ တို့စားမယ်ဆိုရင် အင်မတန်လိုက်ဖက်တဲ့ တို့စရာတစ်မျိုးပဲဖြစ်ပါတယ်။

ထိုကင်ချီကို အချိန်ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ်အထားခံအောင် အရသာလည်း ရှိအောင် ဘယ်လိုသိပ်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းထုပ် ၁ ထုပ် (၈၀၀ ဂရမ်နှင့် ၁၀၀၀ ဂရမ်ကြား)
  • ကြက်သွန်မြိတ် ၅ ပင်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွတြင်ဇွန်း ၁ ဇွန်းခွဲ
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း

  • ဆားသိပ်ထားသော ပုစွန်ဆိတ် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ဆား စားပွဲတင်ဇွန်း တစ်ဝက်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်ညှင်းရွက်များကို တစ်ရွက်ချင်း ခွာချပြီးနောက် ရေစင်အောင် ဆေးကြောပါ။ ထို့နောက် မုန်ညှင်းရွက်များကို ခပ်သေးသေး လှီးဖြတ်ထားပါ။ ထို့နောက် ဇလုံအကြီးတစ်လုံးထဲ ထည့်ထားပါ။

၂။ ကြက်သွန်မြိတ်များကို ၂ လက်မအရှည်ခန့် လှီးဖြတ်ပြီးနောက် မုန်ညှင်းရွက်ထည့်ထားသော ဇလုံထဲ ထည့်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ်ပြုလုပ်ရပါမယ်။ ပန်းကန်လုံးအသေးတစ်လုံးထဲသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ပုစွန်ဆိတ် (သို့) ဆား၊ ငါးငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် သကြားအနည်းငယ် ရောထည့်ကာ သမအောင် ထပ်နယ်ပါ။

၄။ ထို့နောက် လက်အိတ် ဝတ်ပြီးနောက် ရရှိလာတဲ့ ဆော့စ်များကို မုန်ညှင်းရွက် ဇလုံထဲထည့်ကာ အရွက်များနဲ့ သမအောင် ရောနယ်ပါ။ အရွက်များ တဖြည်းဖြည်းနဲ့ နီရဲလာသည်အထိ စိတ်ရှည်ရှည်နဲ့ သိပ်ပေးလိုက်ပါ။

၅။ သမအောင် နယ်ပြီးတဲ့အခါမှာတော့ ခြောက်သွေ့သောအလုံပိတ်ဘူးထဲ ထည့်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ တစ်ညခန့် သိပ်ထားလိုက်ပါ။

စားခါနီးကျမှ ဘူးကို သေချာ လှုပ်ခါပြီးတော့ မိမိစားနိုင်သလောက်လေး ခပ်ယူပါ။ နှမ်းအနည်းငယ် ဖြူးထည့်ပြီးနောက် အရသာရှိပြီး လတ်ဆတ်တဲ့ ကိုရီးယားကင်ချီလေး ရရှိသွားပါပြီ။

Source: Futuredish.com