အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း (၃) မျိုးတည်း ရှိရုံနဲ့ အရသာရှိတဲ့ နွားနို့ စတော်ဘယ်ရီဖျော်ရည်ကို မိမိအိမ်မှာ အလွယ်တကူဖျော်သောက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

  • စတော်ဘယ်ရီ ၁၅ လုံး
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • နွားနို့ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖျော်ရည်ထည့်မယ့် ဖန်ပုလင်းလေးကို သန့်စင်အောင် ရေဆေးပြီးနောက် ခြောက်သွေ့အောင် သုတ်ထားပါ။

၂။ စတော်ဘယ်ရီသီးများကို ရေဆေးပြီးနောက် စတော်ဘယ်ရီ ဖတ်ရွက်စိမ်းများကို လှီးထုတ်ထားပါ။

၃။ ထို့နောက် စတော်ဘယ်ရီ ၁၀ လုံးကို ဇလုံအကြီးတစ်လုံးထဲ ထည့်ပါ။ ထို့နာက် ခက်ရင်းဖြင့် ချေလိုက်ပါ။ ကျေညှက်အောင် ချေပြီးတဲ့နောက်မှာ သကြား စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၄။ ထို့နောက် ကျန်ရှိနေသော စတော်ဘယ်ရီသီး ၅ လုံးကို အလှဆင်ဖို့ရန်အတွက် ပါးပါးလှီးထားပါ။

၅။ စတော်ဘယ်ရီသီးအနှစ်များကို အိုးတစ်လုံးထဲထည့်ကာ စက္ကန့် ၂၀၊ ၃၀ ခန့် ဆူပွက်လာအောင် တည်ပါ။ ထို့နောက် မီးဖိုပေါ်ကချကာ စတော်ဘယ်ရီအနှစ်များကို အအေးခံထားလိုက်ပါ။ (ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံထားမယ်ဆိုလည်း ရပါတယ်)

၆။ အေးသွားသော စတော်ဘယ်ရီဖျော်ရည်များကို ဖန်ပုလင်းထဲ ထည့်လိုက်ပါ။ ထို့နောက် နွားနို့အနည်းငယ်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် စတော်ဘယ်ရီသီးများ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ နွားနို့ စတော်ဘယ်ရီဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Futuredish.com