အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးတဲ့အခါ အချိုပွဲ သုံးဆောင်လေ့ ရှိကြသူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာ အလွယ်တကူကြော်စားနိုင်တဲ့ ငှက်ပျောကြော် ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရမ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးကို အခွံခွာပြီးနောက် လက်မဝက်အထူခန့် လှီးဖြတ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် သကြားထည့်ကာ အရည်ပျော်သွားသည်အထိ ကျိုပါ။

၃။ သကြားက အညိုရောင် ပြောင်းသွားပါက ထောပတ်ထည့်ကာ အရည်ဖျော်လိုက်ပါ။

၄။ ထို့နောက် ရမ်းထည့်ပြီးနောက် မီးအပူချိန်ကို လျော့ချကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ငှက်ပျောသီးအတုံးများကို ဒယ်အိုးထဲ ထည့်ပါ။ ၁ မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ သဘာဝ ငှက်ပျောကြော်စစ်စစ်လေး ရရှိသွားပါပြီ။ သူ့ချည်းပဲ စားသုံးနိုင်သလို ရေခဲမုန့်နဲ့ တွဲဖက်စားသုံးခြင်းဖြစ်စေ၊ နို့ဆီ၊ သကြားဆမ်းစားပြီးဖြစ်စေ စားသုံးနိုင်ပါသေးတယ်။

Source: Cooktoria.com