မုန့်ဟင်းခါး နဲ့ စားတဲ့ ပဲကြော် မွမွလေးပါ။
ပါဝင်ပစ္စည်းများ
- ပဲ
- ကောက်ညှင်း – ၂ ဇွန်း
- ဆန်ကြမ်း – ၄ ဇွန်း
- ဂျုံမှုန့် – ၂ ဇွန်း (ဟင်းစားဇွန်း)
- ဆား – သင့်ရုံ
- ဆော်ဒါ – အနည်းငယ်
- ရေ
- ဆီ
ပြုလုပ်နည်း
- ပဲများကို ရေစင်အောင် ဆေးကာ ရေသင့်ရုံထည့်၍ ၆ နာရီကျော် နူးလာအောင် စိမ်ထားပေးပါ။ ရေအရမ်း များသွားလျှင် အချိုပေါ့ သွားနိုင်ပါတယ်။
- ကောက်ညှင်းမှုန့်၊ ဆန်ကြမ်း၊ ဂျုံမှုန့်၊ ဆား သင့်ရုံ၊ ဆော်ဒါ (အနည်းငယ်) ဖြင့် ရေ မပျစ်မကျဲ လွန်း အနေရအောင် မုန့်နှစ်ကို ဖျော်ထားပါ။
- မုန့်နှစ် ထဲတွင် ပဲလေးများ ထည့်ပြီး နာရီဝက်လောက် နှစ်ထားပါ။
- ပြီးလျှင် ပဲများကို မီး အနေတော်မှာ ထား၍ ကြော်ပါ။
- ချိုချိုမွမွ အရသာ ရှိလှတဲ့ ပဲကြာ်လေးကို စားလို့ ရပါပြီ။
Credit: Soe’s Cooking Collection