မုန့်ဟင်းခါး နဲ့ စားတဲ့ ပဲကြော် မွမွလေးပါ။

ပါဝင်ပစ္စည်းများ

  • ပဲ
  • ကောက်ညှင်း – ၂ ဇွန်း
  • ဆန်ကြမ်း – ၄ ဇွန်း
  • ဂျုံမှုန့် – ၂ ဇွန်း (ဟင်းစားဇွန်း)
  • ဆား – သင့်ရုံ
  • ဆော်ဒါ – အနည်းငယ်
  • ရေ
  • ဆီ

ပြုလုပ်နည်း

  1. ပဲများကို ရေစင်အောင် ဆေးကာ ရေသင့်ရုံထည့်၍ ၆ နာရီကျော် နူးလာအောင် စိမ်ထားပေးပါ။ ရေအရမ်း များသွားလျှင် အချိုပေါ့ သွားနိုင်ပါတယ်။
  2. ကောက်ညှင်းမှုန့်၊ ဆန်ကြမ်း၊ ဂျုံမှုန့်၊ ဆား သင့်ရုံ၊ ဆော်ဒါ (အနည်းငယ်) ဖြင့် ရေ မပျစ်မကျဲ လွန်း အနေရအောင် မုန့်နှစ်ကို ဖျော်ထားပါ။
  3. မုန့်နှစ် ထဲတွင် ပဲလေးများ ထည့်ပြီး နာရီဝက်လောက် နှစ်ထားပါ။
  4. ပြီးလျှင် ပဲများကို မီး အနေတော်မှာ ထား၍ ကြော်ပါ။
  5. ချိုချိုမွမွ အရသာ ရှိလှတဲ့ ပဲကြာ်လေးကို စားလို့ ရပါပြီ။

Credit: Soe’s Cooking Collection