အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အမဲသားပြားကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၄ ပင် (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၄ စိပ် ၁ စိပ် (ပါးပါးလှီးထားပါ)
  • ဂျင်း ၃ ပြား
  • လှော်ထားသော နှမ်းစေ့ လက်တစ်ဆုပ်စာခန့်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • အမဲသားပြား ၁ ပေါင် (ခပ်ထူထူလေး လှီးဖြတ်ထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ပဲငံပြာရည်အကြည်နှင့် အနောက် စားပွဲတင်ဇွန်း တစ်ဇွန်းစီ
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ဆီ ၆၀ မီလီလီတာ
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ထိုဟင်းချက်ဝိုင်အရောအနောကို အမဲသားဖြင့် နယ်ဖတ်ကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ ၆၀ မီလီလီတာထည့်ကာ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်နီ ထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ မီးအပူချိန်ကို ထပ်မြှင့်ပြီးတဲ့နောက်မှာတော့ အမဲသားများထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ အမဲသားက အရောင်ပြောင်းသွားတဲ့အခါမှာ ကြက်သွန်မြိတ်၊ ခရုဆီနှင့် သကြားထည့်ကာ ၁ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၅။ အမဲသား ကျက်သွားတဲ့အခါမှာတော့ နှမ်းစေ့လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားပြားကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Spicetheplate.com