အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၃) မျိုးတည်း ရှိရုံနဲ့ အရသာရှိတဲ့ ချိစ်ညှပ် ပေါင်မုန့်လိပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၈ ချပ်
  • Cheddar ချိစ် ပန်းကန်လုံး ၁ လုံးစာ
  • ထောပတ် စားပွဲတင်ဇွန်း ၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်အနားသားများကို ဓားဖြင့် လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ဒလှိမ့်တုံးဖြင့် ပေါင်မုန့်များ ပြားသွားအောင် လှိမ့်ပေးလိုက်ပါ။

ထိုပေါင်မုန့်ချပ်ပေါ်သို့ ချိစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထည့်ကာ ပေါင်မုန့်ကို တင်းကြပ်နေအောင် လိပ်ပေးလိုက်ပါ။

ကျန်ရှိနေသော ပေါင်မုန့်နှင့် ချိစ်များအားလုံး ကုန်သွားသည်အထိ ထိုနည်းအတိုင်း လိပ်ပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ထောပတ်များ အရည်ပျော်သွားသည်အထိ အပူပေးလိုက်ပါ။

၃။ ကျန်ရှိနေသော ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်းကိုတော့ ပန်းကန်လုံးထဲထည့်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး အရည်ဖျော်လိုက်ပါ။

ထို့နောက် စောစောကပေါင်မုန့်လိပ်များကို ထောပတ်ရည်ထဲ ထည့်နှစ်လိုက်ပါ။ ပြီးရင်တော့ စောစောက ဒယ်အိုးထဲသို့ ထည့်ကြော်ပေးလိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပြီးပါက အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ပေါင်မုန့်လိပ်ကြော်လေး ရရှိသွားပါပြီ။

Source: Thebakermama.com