အားလုံးပဲ မင်္ဂလာပါ။ မနက်စာပဲဖြစ်ဖြစ်၊ နေ့ခင်းနေ့လည် အဆာပြေဖြစ်ဖြစ် သုံးဆောင်နိုင်ဖို့အတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာကတော့ ကြက်သားကော်ပြန့်ကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကော်ပြန်လိပ်ရန် ဂျုံရွက် ၆ ရွက်
  • ကြက်သွန်မြိတ် ၁ ပင်
  • မုန်လာဥနီ တစ်ဝက်နှင့် ငရုတ်သီး ၄ တောင့်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • သံပုယိုသီး ၁ လုံး (အရည်ညှစ်ထားပါ)

  • ကြက်သား ၂၀၀ ဂရမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ထားပါ)
  • တရုတ်နံနံ ၁ ပင် (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ကော်ပြန့်ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီကို အချောင်းလိုက် ပါးပါးလှီးထားပါ၊ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးဖြတ်ထားပါ။ ကြက်သားကိုတော့ နုပ်နုပ်စဉ်းထားရပါမယ်။

၂။ ဇလုံအကြီးတစ်လုံးထဲမှာ နုပ်နုပ်စဉ်းထားသော ကြက်သား၊ မုန်လာဥနီ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် သကြားတို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။

၃။ ကော်ပြန့်ကြော် ပြုလုပ်မည့် ဂျုံရွက်ပေါ်သို့ စောစောနယ်ထားသော ကြက်သားအစာသွပ်များကို စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထည့်ထားလိုက်ပါ။ ထို့နောက် ကော်ပြန့်လိပ်ကို ကြက်ဥအနှစ်များ သုတ်လိမ်းပေးလိုက်ပါ။ ဒါဆိုရင်တော့ အစာသွပ်များ အပြင်သို့ ထွက်လာမှာမဟုတ်တော့ပါဘူး။

၄။ ဂျုံရွက် ၆ ရွက်စလုံး လိပ်ပြီးသွားပြီဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားလိုက်ပါ။ ဆီပူလာပြီဆိုရင်တော့ ကော်ပြန့်လိပ်များကို ထည့်ကြော်လို့ရပါပြီ။ ၅ မိနစ်၊ ၆ မိနစ်ခန့် ကြော်ပြီသွားပြီဆိုရင်တော့ ကော်ပြန့်လိပ်များ ရွှေညိုရောင်ပြောင်းသွားပါလိမ့်မယ်။ အဲ့ဒီအချိန်မှ အိုးထဲကဆယ်ယူပြီး ဆီစုပ်စက္ကူပေါ်တင်ထားကာ အအေးခံထားလိုက်ပါ။

အေးသွားပြီဆိုရင်တော့ မိမိနှစ်သက်ရာ အချဉ် ဆော့စ်တို့နှင့် တွဲဖက်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com