ကြက်တောင်ပံကို ကြွပ်ကြွပ်လေးဖြစ်သွားအောင် ကြော်ရမယ့် လျှို့ဝှက်နည်းလေးကတော့ ထောပတ်နွားနို့နဲ့ ဂျုံမှုန့်တို့ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ကြက်သားတုံးများကို ထောပတ်နွားနို့နဲ့ အချိန်ကြာကြာနှပ်ထားပြီး ဂျုံမှုန့်ကပ်ပေးလိုက်မယ်ဆိုရင်တော့ ထိုကြက်သားတုံးက မုန့်ကြွပ်လေးနဲ့ ကပ်ထားသလို ကြွပ်ကြွပ်ရွရွလေး ဖြစ်သွားပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃ ပေါင်
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ကြက်ဥ ၃ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် နှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူအမှုန့်နှင့် ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီးနောက် ထောပတ်နွားနို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၃၀ မှ ၈ နာရီခန့် နှပ်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥ ၃ လုံးဖောက်ထည့်ကာ မွှေခလောက်လိုက်ပါ။

အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်နီအမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ထို့နောက် ကြက်တောင်ပံတစ်တုံးချင်းစီကို ထောပတ်နွားနို့ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဂျုံမှုန့်အရောအနှောဖြင့် ကပ်လိုက်ပါ။ တစ်ဖန် ကြက်ဥထဲ ပြန်ထည့်နှစ်လိုက်ပါ။

ကြက်တောင်ပံများအားလုံး ကုန်သွားသည်အထိ ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်ပါ။ ဆီပူလာပါက ကြက်တောင်ပံများ ထည့်ကြော်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်တောင်ပံအကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com