ကြက်ကြော်ကို တကြွပ်ကြွပ်နဲ့ ဝါးစားရတာ ကြိုက်နှစ်သက်တဲ့ အစားအသောက်ချစ်သူတို့အတွက် ဒီတစ်ခါမှာတော့ အရသာ ရှယ်ကောင်းပြီး ဆွေမျိုးမေ့သွားစေမယ့် ကြက်တောင်ပံကြွပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၁၀ ခု
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း နှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ ကြက်ဥတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ပြောင်းမှုန့်နှင့် ဂျုံမှုန့်တို့ထည့်ကာ သမအောင် ထပ်နယ်ပေးပါ။

ထိုနယ်ထားသော ကြက်တောင်ပံများကို ၂ နာရီတိတိနှပ်ထားပေးရပါမယ်။

၂။ သတ်မှတ်ချိန်ပြည့်သွားပါက ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီက ၃၂၅ ဒီဂရီဖာရင်ဟိုက် အပူချိန်ရောက်ရှိသွားပါက ကြက်တောင်ပံများထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးသား ကြက်တောင်ပံများကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၃။ အားလုံးကြော်ပြီးသွားပါက ကြက်တောင်ပံအားလုံးကို ဒယ်အိုးထဲသို့ ပြန်ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ဒါမှ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းနေမှာပါ။

အချိန် သုံးမိနစ်ပြည့်ပါက ပန်းကန်ပြားထဲသို့ ဆယ်ယူလိုက်ပါ။ ဒါဆိုရင်တော့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ ကြက်တောင်ပံကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thewoksoflife.com