အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်ကြော်ချစ်သူများအတွက် လွယ်လွယ်ကူကူနဲ့ အိမ်မှာ လုပ်စားလို့ရတဲ့ ကြက်တောင်ပံ အစပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၂ ပေါင်ခန့်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံ ပန်းကန်လုံး နှစ်လုံးစာ (၂၅၆ ဂရမ်)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

  • ကြက်သွန်ဖြူ အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို ရေစင်စင်ဆေးပြီးနောက် ပုဝါသန့်သန့်ဖြင့် ခြောက်အောင် သုတ်လိုက်ပါ။ ကြက်တောင်ပံများကို လင်ဗန်းတစ်ခုပေါ် တင်ထားပြီးနောက် ဆား၊ ငရုတ်ကောင်းတို့ ဖြူးပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် ထည့်ထားလိုက်ပါ။

၂။ ဇောက်နက်သော ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်သီးမှုန့်တို့ ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဂျုံမှုန့်ဖြင့် ကြက်သားတုံးများကို တစ်တုံးပြီး တစ်တုံး ကပ်ပေးရပါမယ်။

၃။ အိုးတစ်လုံးကို အပူပေးပြီး ဆီများထည့်ကာ ဆီပူလာသည်အထိ စောင့်ပေးလိုက်ပါ။ ထို့နောက် ကြက်တောင်ပံများကို ၈ မိနစ်ခန့် ဆီထဲ ထည့်ကြော်ပေးလိုက်ပါ။

၄။ ၈ မိနစ်ပြည့်ပါက ကြက်တောင်ပံကြော်များကို ဆီစုပ်စက္ကူပေါ်တွင် တင်ထားပြီး ဆီများကို ဆုပ်ယူလိုက်ပါစေ။

ကြက်ကြော်များ အေးသွားပြီဆိုပါက မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Delish.com