သားသားမီးမီးတို့သာမက လူကြီးများလည်းအကြိုက်ဖြစ်မယ့် ကြက်သားလိပ်ကြော်ရဲ့ ချက်နည်းလေးပါ။
ပါဝင်ပစ္စည်းများ
- ကြက်သား
- ကြက်ဥ
- ဆား
- သကြား
- ငရုတ်ကောင်း
- အကြော်မှုန့်
- ဥနီ
- ကြက်သွန်မြိတ်
ပြုလုပ်နည်း
ကြက်သား အသားချည်း ကြိတ်ပြီးသားကို ကြက်ဥအနှစ် ၊ ဆား ၊ သကြား ငရုတ်ကောင်းလေးနဲ့ အရသာသွင်းပါ ။
ကြက်ဥအကာကို အကြော်မှုန့် လေးနဲ့ ဖျော်ထားပါ ။
ပြီးလျှင် ပန်းကန် သန့်သန့်လေးမှာ အကြော်မှုန့် ဖြန့်ခင်းကာ ကြက်သားကို အနေတော် အပြားလေးလုပ်ပြီး အသီးအရွက်လေး ထည့်လိပ်ပါ ။
မုန့်နှစ် ဖျော်ထားတဲ့ ပန်းကန်ထဲနှစ်ပြီး ဆီပူပူမှာ ကြော်လို့ရပါပြီ ။
Credit: အန်တီဖြူ