ပါဝင်ပစ္စည်းများ
- ဗမာကုလားပဲ – ၁ နို့ဆီဘူး
- ပျဉ်တော်သိမ်ရွက်(ပါးပါးလှီး) – လက်တစ်ဆုပ်
- ကြက်သွန်နီ အရွယ်တော် – ၅ လုံး
- ငြုပ်သီးစိမ်း(ပါးပါးလှီး) -၁၀ တောင့်
- ဆား (လက်ဖက်ရည်ဇွန်း) – ၂ ဇွန်း
- ဂျင်း (ထောင်းထားပါ) – ၇ လွှာ
- ကြော်ရန်ဆီ
- ဖီးကြမ်း ငှက်ပျောသီး မှည့်မှည့် – အနည်းငယ်
- မန်ကျည်းမှည့်နှစ် – ၃ ဟင်းစားဇွန်း
- ထန်းလျက် – ၁ လက်ဖက်ရည်ဇွန်း
- ဆား သင့်ရုံ
- ငြုပ်သီးစိမ်း
- နံနံပင် – သင့်ရုံ
ပြင်ဆင်ပြုလုပ်နည်း
- ကုလားပဲများကို ရေစင်အောင် ဆေးကာ ရေမြုပ်ရုံဖြင့် ၂ နာရီခန့် နူးလာအောင် စိမ်ထားပေးပြီး ရေစစ်ပြီး ငရုပ်ဆုံသို့ ကြိတ်စက်ဖြင့် ညက်အောင် ထောင်း၊ ကြိတ်ထားပြီး ဆား ၁ ၁/၂ ဇွန်း ဖြင့် နယ်ပေးပြီး ၁နာရီခန့် ထားပါ။
- ပျဉ်တော်သိမ် ကြက်သွန်နီ၊ ဂျင်း ၊ ငြုပ်သီး၊ ငှက်ပျောသီး၊ ဆား ၁/၂ ဇွန်း ဖြင့် သေချာ နယ်ပေးပြီး ဆီများများမှာ မီးပိတ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်၍ တူးမသွားစေရန် သေချာ ကြော်ပေးပြီး ပဲအရသာစစ်စစ်၊ ဆော်ဒါမှုန့်၊အရသာမှုန့်များ သုံးရန် မလိုပဲ အရသာရှိ လှတဲ့ ကုလားပဲကြော် ပူပူလေးစားလို့ရပါပြီ။
- မန်ကျည်းမှည့် အချဉ် ပြုလုပ်ရန်။ ။ မန်ကျည်းမှည့်နှစ် ၃ ဟင်းစားဇွန်းကို ထန်းလျက် ၁ လက်ဖက်ရည်ဇွန်း ၊ဆား သင့်ရုံ၊ ငြုပ်သီးစိမ်းဝ နံနံပင်သင့်ရုံဖြင့် မွှေပေးပြီး အပေါ့အငံ စိတ် ကြိုက်ပြင်ပေးပါ။
Credit: Soe’s Cooking Collection