အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ ဂဏန်းလုံးကြော်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂဏန်း ၁ ပေါင်
- ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
- ဘီစကစ်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
- ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
- အကြော်ခံပေါင်မုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
- မိရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မွှေခလောက်ထားသော ကြက်ဥ၊ ကြက်သွန်နီ၊ ဘီစကစ်အကြေအစများနှင့် မိရောနိစ်တို့ထည့်ကာ သမအောင် ရောနယ်ထားလိုက်ပါ။
၂။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် ထပ်နယ်ပါ။ ထို့နောက် နယ်ထားသော ဂဏန်းအရောအနှောကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူကာ ခပ်သေးသေး လုံးပေးလိုက်ပါ။
ဂဏန်းသားများအားလုံး ကုန်သွားသည်အထိ လုံးပေးလိုက်ပါ။
၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာတာကို စောင့်နေတဲ့အချိန်မှာ ဂဏန်းလုံးများကို ပေါင်မုန့်အကြေအစဖြင့် ကပ်ကာ လုံးပေးလိုက်ပါ။
၄။ ထို့နောက် ဆီပူထဲထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။
အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဂဏန်းအသားလုံးကြော်လေး ရရှိသွားပါပြီ။
Source: Thespruceeats.com