အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ ဂဏန်းလုံးကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း ၁ ပေါင်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ဘီစကစ်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • အကြော်ခံပေါင်မုန့် စားပွဲတင်ဇွန်း ၈ ဇွန်း

  • မိရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မွှေခလောက်ထားသော ကြက်ဥ၊ ကြက်သွန်နီ၊ ဘီစကစ်အကြေအစများနှင့် မိရောနိစ်တို့ထည့်ကာ သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် ထပ်နယ်ပါ။ ထို့နောက် နယ်ထားသော ဂဏန်းအရောအနှောကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူကာ ခပ်သေးသေး လုံးပေးလိုက်ပါ။

ဂဏန်းသားများအားလုံး ကုန်သွားသည်အထိ လုံးပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာတာကို စောင့်နေတဲ့အချိန်မှာ ဂဏန်းလုံးများကို ပေါင်မုန့်အကြေအစဖြင့် ကပ်ကာ လုံးပေးလိုက်ပါ။

၄။ ထို့နောက် ဆီပူထဲထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဂဏန်းအသားလုံးကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com