အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ အစားအစာကတော့ ပြည်ကြီးငါးချောင်း အကြွပ်ကြော်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါးအကြီး ၁ ကောင် (၄ အောင်စခန့်)
- အာလူးမှုန့် Potato Starch စားပွဲတင်ဇွန်း ၅ ဇွန်း
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း
- မုန့်ဖုတ်ပေါင်ဒါနည်းငယ်
- ဆားအနည်းငယ်
- ကြက်ဥ ၁ လုံး
- ရေ စားပွဲတင်ဇွန်း ၅ ဇွန်း
- ဟင်းရွက်ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပြည်ကြီးငါးကို လက်မဝက်အကျယ် သုံးလက်မအရှည်ခန့် လှီးဖြတ်ထားပါ။ ထို့နောက် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် နယ်ထားလိုက်ပါ။
၂။ ပန်းကန်လုံးတစ်လုံးထဲတွင် အာလူးမှုန့်၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ဆား၊ မုန့်ဖုတ်ပေါင်ဒါ၊ ကြက်ဥ ၁ လုံးနှင့် ရေ စားပွဲတင်ဇွန်း ၅ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ပြည်ကြီးငါးအချောင်းလေးများကို စောစောက ပြုလုပ်ထားသော မုန့်နှစ်ထဲ ထည့်နှစ်ကာ ဆီပူထဲတွင် ၂ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။
ငါးအချောင်းများက ရွှေရောင်ပြောင်းသွားပါက ဆီပူထဲက ဆယ်ယူလိုက်လို့ရပါပြီ။
ထိုနည်းအတိုင်း ပြည်ကြီးငါးများ ကုန်သွားသည်အထိ ကြော်ပေးရပါမယ်။
၄။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ပြည်ကြီးငါးချောင်းများအားလုံးကို ဆီပူထဲထည့်ကာ ၃ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ ဒါမှ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းနေမှာပါ။
Source: Maangchi.com