အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ အစားအစာကတော့ ပြည်ကြီးငါးချောင်း အကြွပ်ကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါးအကြီး ၁ ကောင် (၄ အောင်စခန့်)
  • အာလူးမှုန့် Potato Starch စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါနည်းငယ်
  • ဆားအနည်းငယ်

  • ကြက်ဥ ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြည်ကြီးငါးကို လက်မဝက်အကျယ် သုံးလက်မအရှည်ခန့် လှီးဖြတ်ထားပါ။ ထို့နောက် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် အာလူးမှုန့်၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ဆား၊ မုန့်ဖုတ်ပေါင်ဒါ၊ ကြက်ဥ ၁ လုံးနှင့် ရေ စားပွဲတင်ဇွန်း ၅ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ပြည်ကြီးငါးအချောင်းလေးများကို စောစောက ပြုလုပ်ထားသော မုန့်နှစ်ထဲ ထည့်နှစ်ကာ ဆီပူထဲတွင် ၂ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။

ငါးအချောင်းများက ရွှေရောင်ပြောင်းသွားပါက ဆီပူထဲက ဆယ်ယူလိုက်လို့ရပါပြီ။

ထိုနည်းအတိုင်း ပြည်ကြီးငါးများ ကုန်သွားသည်အထိ ကြော်ပေးရပါမယ်။

၄။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ပြည်ကြီးငါးချောင်းများအားလုံးကို ဆီပူထဲထည့်ကာ ၃ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ ဒါမှ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းနေမှာပါ။

Source: Maangchi.com