မြန်မာငွေ ၅၀၀ ထဲနဲ့ အရသာရှိတဲ့ ပုဇွန်ခြောက်မျှစ်စပ်ကြော်လေးလုပ်စားရအောင်။

အချိန်ကုန်သက်သာပြီး ချိုစပ်စပ်လေးနဲ့ စားလို့ကောင်းလို့ အစပ်အဟတ်တည့်လွန်းပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • မျှစ် ၃၀၀ ဖိုး
  • ပုစွန်ခြောက် အနည်းငယ် (၂၀၀ ကျပ်)
  • ကြက်သွန်နီ ၃ လုံး

  • ကြက်သွန်ဖြူ ၅ ခု
  • ငရုတ်သီး ၃ ထောင့် သို့ ၄ ထောင့် (အစပ်ကြိုက်တဲ့အပေါ်မူတည်ပြီး)
  • ဆီ အနည်းငယ်

ပြုလုပ်နည်း

(၁) ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို ငရုတ်စုံထဲထည့်ပြီး ထောင်းပါ။

(၂)ပြီးရင် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီသပ်လိုက်ပါ။

(၃)ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး တို့ကို ထည့်ပြီး ဆီသပ်လိုက်ပါ။

(၄)ပုစွန်ခြောက်တွေထည့်ပြီး ကြော်လိုက်ပါ။

(၅)မျှစ်ထည့်ပြီး ကြော်လိုက်ပါ။

ဒါဆိုရင် ချိုစပ်စပ်အရသာလေးနဲ့ စားလို့ကောင်းတဲ့ မျှစ်ကြော်လေးကို ရရှိပါပြီ။

နောက်လည်း ဘယ်လိုဟင်းလျာလေးတွေရဲ့ချည်နည်းလေးတွေ တင်ပေးရမလဲဆို ကွန်မန့်ပေးခဲ့ဦးနော်။