အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော် နေ့တိုင်း စားရလို့ ရိုးအီနေကြပြီလား။ ဒီတစ်ခါမှာတော့ ကြက်ဥကို ရိုးရိုးမကြော်ဘဲ ကြက်ဥလိပ်ကြော် ပြုလုပ်နည်းတွေကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ချိစ် အနည်းငယ်၊ ဟင်းချက်ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဇလုံတစ်လုံးထဲတွင် ကြက်ဥ ၅ လုံး ဖောက်ထည့်ပြီးနောက် ဆန်ဝိုင်နှင့် ဆားတို့ ထည့်ကာ မွှေခလောက်လိုက်ပါ။ ကြက်သွန်မြိတ် ထပ်ထည့်ပြီးနောက် သမအောင် ထပ်မွှေပေးလိုက်ပါ။

ဒယ်အိုးထဲသို့ ဆီထည့်ကာ အပူပေးပြီးနောက် ကြက်ဥထည့်ကြော်လိုက်ပါ။ ကြက်ဥရဲ့ ဘေးသားများ ကျက်သွားပြီဆိုပါက ပုံပါအတိုင်း တူဖြင့် ကြက်ဥကို လိပ်လိုက်ပါ။

ကျန်ရှိနေသော ကြက်ဥအရောအနှောများကိုလည်း ထိုနည်းအတိုင်း ကြော်ကာ တူဖြင့် လိပ်ပေးရပါမယ်။

လိပ်ပြီးသား ကြက်ဥများကို ပန်းကန်ပြားထဲ ပြောင်းထည့်ကာ အကွာအဝေး အညီအမျှ လှီးဖြတ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥဟင်းအဖြစ် ထမင်းနဲ့ တွဲစားလို့လည်း ရသလို သွားရေစာအဖြစ် စားချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

အပိုပါဝင်ပစ္စည်းအနေနဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်များကို ပါးပါးလှီးပြီးနောက် ကြက်သွန်မြိတ် ထည့်တဲ့အချိန်မှာ ရောပေါင်းထည့်ပြီး ကြော်စားလို့လည်း ရပါသေးတယ်။

Source: mykoreankitchen.com