ပါဝင်ပစ္စည်းများ

ငါး

ခရမ်းချဉ်သီး

ကြက်သွန်ဖြူ

ကြက်သွန်နီ

နနွင်းမှူန့်

ငရုပ်သီးမှူန့်

ဟင်းခတ်မှူန့်

ငံပြာရည်

ဆီ

ဆား

နံနံပင်

တို့စရာအစုံ

ပြုလုပ်နည်း

ငါးကို ပြုတ်ပြီး အရိုးနွင် ထားပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါးပါးလှီးပြီး နနွင်းမှူန့် အနည်းငယ်၊ ငရုပ်သီးမှူန့် အနည်းငယ် ထည့်ပြီး ဆီသတ်ပါ။

ခရမ်းချဉ်သီး ပါးပါးလှီးပြီး ထည့် ပါ၊ နွမ်းလာပါက ငါးထည့်ကြော်ပါ။ ဟင်းခတ်မှူန့်.၊ဆားအနည်းငယ်၊ ငံပြာရည် ထည့်ကြော်ပါ။

ဆီ ပြန်လာပါက နံနံပင် အနည်းငယ် အုပ်ပြီး တို့စရာ အစုံနဲ့ သုံးဆောင်နိုင်ပါပြီ။

Credit: Htet Htet