ထမင်းနဲ့ တွဲစားရင်လည်း အရသာရှိသလို နေ့လည်နေ့ခင်းဗိုက်ဆာတဲ့အခါမှာလည်း သွားရေစာမုန့်အဖြစ် စားသုံးနိုင်တဲ့ ဝက်နံရိုးကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၅၀၀ ဂရမ်
  • ပြောင်းမှုန့် အနည်းငယ်
  • ဆီများများ
  • ကြက်သွန်ဖြူ ၆ မြွှာ၊ ၈ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၃ ပြား၊ ၄ ပြားခန့်

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ရေဆေးထားလိုက်ပါ။

၂။ ဝက်နံရိုးကို အနေတော်အတုံး တုံးထားပြီး ရေထဲတွင် နာရီဝက်ခန့် စိမ်ထားလိုက်ပါ။

၃။ အချိန်ပြည့်ပါက ဝက်နံရိုးများကို ဆယ်ယူလိုက်ပြီး တစ်သျှူးဖြင့် ခြောက်အောင် သုတ်ပေးလိုက်ပါ။ ထို့နောက် ပြောင်းမှုန့်ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်နံရိုးများကို ၆ မိနစ်၊ ၁၀ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ဝက်နံရိုးများကို ဆယ်ယူလိုက်ပါ။

၅။ ထို့နောက် မီးအပူချိန်ကို အနည်းငယ်ထပ်မြှင့်လိုက်ပြီး ဝက်နံရိုးများအားလုံးကို ဒယ်အိုးထဲပြန်ထည့်ကာ စက္ကန့် ၂၀၊ စက္ကန့် ၃၀ ခန့် ထပ်ကြော်လိုက်ပါ။ ပြီးတာနဲ့ ချက်ချင်း ဆယ်ယူလိုက်ပါ။

ထို့နောက် ဆီစုပ်စက္ကူထဲထည့်ကာ အအေးခံထားလိုက်ပါ။

ရရှိလာတဲ့ ဝက်နံရိုးကြော်များကို မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com