ကဲ ပိတ်ရက်လေးမှာ ဝက်နံရိုးကြော်လေး ကြော်စားကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
- ဝက်နံရိုး ၅၀၀ ဂရမ်
- အကြော်မှုန့်
- ဆီ
နှပ်ဖို့
- ကြက်သွန်ဖြူ ၆ မွှာကနေ ၈ မွှာ
- ဂျင်း ပါးပါးလှီးထားတဲ့ ၄ ခု
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရဲ့ တစ်ဝက်
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက် ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်း အဖြူရောင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ
အချဉ်အတွက်
- ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- အမည်းရောင် ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
- ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (တောက်တောက်စဉ်း)
- ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (တောက်တောက်စဉ်း)
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း
- Cumin အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ကြက်သွန်ဖြူကို တောက်တောက်စဉ်းပါ။ ဝက်နံရိုးတွေကို သွေးစင်အောင် သေချာ ဆေးပါ။
ဝက်နံရိုးတွေကို တစ်ရှူးနဲ့ သုတပြီး ခြောက်အောင်လုပ်ပါ။ နှပ်ဖို့ လိုအပ်သည့် ပစ္စည်းများ (အပေါ်မှာ ရေးထား)နှင့် ၄ နာရီလောက် နှပ်ထားပါ (သို့) ရေခဲသေတ္တာထဲမှာ ၁ ညလောက် နှပ်ထားပါ။
အကြော်မှုန့်စပ်ပြီး မကြော်ခင် အကြော်မှုန့် နဲ့ သေချာ နယ်ပါ။
ဝက်နံရိုးတွေကို ကြော်ပါ။ အညိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပါ။ ခဏလောက်ဆယ်ထားပါ။
ဒယ်အိုးထဲဆီထည့်ပြီး စက္ကန့် ၂၀ ကနေ ၃၀ လောက် ပြန်ကြော်ပါ။ ကြက်သွန်ဖြူတွေ မတူးအောင် ဂရုစိုက်ပါ။
Photos Credit: China Sichuan Food