အားလုံးပဲ မင်္ဂလာပါ။ အစားကောင်း အသောက်ကောင်းတွေကို ကြိုက်နှစ်သက်ကြသူများအတွက် အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေပဲဖြစ်ဖြစ် စားသုံးနိုင်မယ့် အရသာရှိတဲ့ ဝက်သား ချိစ်အာလူးလုံးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးထောင်း ပန်းကန်လုံး ၃ လုံးစာ (အာလူးပြုတ်ပြီး ထောင်းထားလိုက်ပါ)
  • ချိစ်အနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဝက်သားပြား အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)
  • ပေါင်မုန့် အကြေအစ အနည်းငယ်

  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီနှင့် ဆော့စ်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံတစ်လုံးထဲတွင် အာလူးထောင်း၊ ချိစ်၊ ကြက်သွန်မြိတ်နှင့် ဝက်သားတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ အားလူးများကို အလုံးပုံသဏ္ဍာန် လုံးလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥကို မွှေခလောက်ထားပြီး အခြားပန်းကန်လုံးထဲတွင်တော့ ပေါင်မုန့်အကြေအစများ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောမွှေထားပါ။

၄။ ဒယ်အိုးထဲသို့ ဆီထည့်ကာ အပူပေးထားပါ။ ဆီပူလာပါက အာလူးလုံးများကို ၂ မိနစ်၊ ၃ မိနစ်ခန့် ထည့်ကြော်ရပါမယ်။

အာလူးလုံးများ ရွှေညိုရောင်ပြောင်းသွားပါက ဆီပူထဲက ဆယ်ယူလိုက်ကာ ပန်းကန်ထဲထည့်ပြီး အအေးခံလိုက်ပါ။ ထို့နောက် မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ စားသုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: tipbuzz.com