အားလုံးပဲ မင်္ဂလာပါ။ အာလူးထောင်းကြော်ကို အရသာရှိရှိစားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း ငါးမျိုးနဲ့တင် ကြော်စားလို့ရမယ့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အာလူးချစ်သူများ အားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၆ လုံး
  • ကြက်သွန်ဖြူ အမှုန့် အနည်းငယ်
  • ဆားအနည်းငယ်
  • ထောပတ် ၅၅ ဂရမ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အိုးထဲထည့်ပြီး ဆားရေဖြင့် ပြုတ်လိုက်ပါ။ ကြက်သွန်ဖြူမှုန့်များ ထည့်ပြီး ဆူပွက်လာအောင် ပြုတ်ပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ပြုတ်ပြီးပါက အာလူးများကို အိုးထဲမှ ဆယ်ယူလိုက်ပါ။

၂။ ထို့နောက် အာလူးများကို ရေအေးထဲတွင် စိမ်ပြီးနောက် အခွံခွာလိုက်ပါ။ အခွံခွာပြီးသော အာလူးများကို ထောင်းလိုက်ပါ။

၃။ ဒယ်အိုးထဲတွင် ဆီထည့်ပြီး အာလူးထောင်းများကို ထည့်ကြော်လိုက်ပါ။ ကြက်သွန်ဖြူ၊ ထောပတ်နှင့် ဆားအနည်းငယ်တို့ ထည့်ပြီး ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ကြော်ပေးလိုက်ပါ။ အာလူးများ ရွှေညိုရောင် ပြောင်းသွားပါက အာလူးထောင်းများကို အတုံးသေးသေးလေးများဖြစ်သွားအောင် ဇွန်းဖြင့် ခွဲယူကာ ဒယ်အိုးအနားသတ်ဖြင့် ဖိကပ်ပေးလိုက်ပါ။

ရရှိလာတဲ့ အာလူးထောင်းကြော်ကို ကြက်သွန်မြိတ်အနည်းငယ်၊ ခရင်မ်အနည်းငယ်ဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

အာလူးထောင်းကြော် ကြော်တဲ့အခါ ဆီ အများကြီး အသုံးပြုစရာမလိုဘဲ ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း အသုံးပြုရုံနဲ့တင် လုံလောက်ပါပြီ။ ဒါ့ကြောင့် အဆီပါဝင်မှုကလည်း ၁၈.၇ ဂရမ်ပဲ ပါဝင်ပြီး ၃၈၆ ကယ်လိုရီသာ ပါဝင်ပါတယ်။ ပရိုတင်းဓာတ် ပါဝင်မှုနှုန်းကတော့ ၆.၂ ဂရမ် ပါဝင်ပါတယ်။

Source: Allrecipes.com