နွားနို့ကို ကြော်ထားတဲ့ နို့ခဲချောင်းကြော်အချိုပွဲလေးကို မမြည်းစမ်းကြည့်ချင်ကြဘူးလား။ ဒီအချိုပွဲလေးက တရုတ်ရိုးရာအချိုပွဲလေးပဲဖြစ်ပါတယ်။လျှာလည်သွားစေဖို့အတွက် ဘယ်လိုပြင်ဆင်ချက်ပြုတ်နိုင်မလဲဆိုတာကို အတူတူ လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• အုန်းနို့ ၂၅၀ မီလီလီတာ
• နွားနို့ ၆၂ မီလီလီတာ
• ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
• သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
• ဆီများများ

• ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
• ပြောင်းမှုန့်နှင့် ပေါင်မုန့် အကြေအစနည်းငယ် (နို့ခဲချောင်း ကပ်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် အုန်းနို့၊ နွားနို့၊ ပြောင်းမှုန့်နှင့် သကြားတို့ထည့်ပြီး မီးအပူချိန် အေးအေးဖြင့် အရည်များပျစ်လာသည်အထိ တည်ထားလိုက်ပါ။ မကြာခဏ မွှေပေးဖို့လည်း လိုအပ်ပါတယ်။ အိုးထဲက နွားနို့အရည်များ ပျစ်သွားပါက လင်ဗန်းထဲပြောင်းထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် အအေးခံလိုက်ပါ။

၂။ အချိန်ပြည့်ပါက ရေခဲသေတ္တာထဲက ထုတ်လိုက်ပြီးနောက် နို့ခဲချောင်းဖြစ်သွားအောင် ၅ စင်တီမီတာအရှည်နှင့် ၃ စင်တီမီတာ အကျယ်ခန့် လှီးဖြတ်လိုက်ပါ။

၃။ ရရှိလာတဲ့နို့ခဲချောင်းများကို ပြောင်းမှုန့်နှင့် ကပ်ပေးလိုက်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ပြီးမှ ပေါင်မုန့်အကြေအစလေးများဖြင့် ထပ်ကပ်ပေးရပါမယ်။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက နို့ခဲချောင်းများကို ထည့်ကြော်လိုက်ပါ။ နို့ခဲချောင်းများ ရွှေညိုရောင် ပြောင်းသွားပါက အိုးထဲမှ ဆယ်ယူလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ နို့ခဲချောင်းကြော်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com