အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား ကြွပ်ကြွပ်ရွရွလေး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ဝက်သား ၁၅ ကျပ်သား (အသားချည်းသုံးပါ)
- ကြက်ဥ ၄ လုံး
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ခွဲ
- ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆီ
- ဂျုံမှုန့် ခွက် ၁ ခွက်တစ်ဝက်
- ပေါင်မှုန့် မှုန့်ကြွပ် ခွက် တစ်ဝက်ခွဲ
ပြုလုပ်နည်း
အရင်ဆုံး ဝက်သားကိုရေဆေးပြီး ခပ်ရွရွလေး တောက်တောက်စဉ်းလိုက်ပါ။ လုံးဝညှက်သွားဖို့မလိုပါဘူး။
ကြက်ဥ ၂ လုံး၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ ကော်မှုန့်တို့ကိုရောလိုက်ပြီး အသားနဲ့ ရောလိုက်ပါ။ မိနစ် ၃၀ လောက်ထားပါ။
ကြက်ဥ ၁ လုံး၊ ဂျုံမှုန့်၊ မှုန့်ကြွပ်တို့ကို သပ်သပ်ဆီထားလိုက်ပါ။
အသားပြားတစ်ခုချင်းဆီကို ခွဲလိုက်ပြီး ဂျုံမှုန့်၊ ကြက်ဥ၊ မှုန့်ကြွပ်တစ်ခုရောလိုက်ပြီး ဆီပူပူနဲ့ ကြော်ပေးလိုက်ပါ။
ရပြီဆိုရင်တော့ ဆီကိုသေချာဆစ်ပေးပြီး ဆော့စ်နဲ့ တို့စားလို့ရပါတယ်။ ထမင်းပူပူနဲ့ စားလည်းရပါတယ်နော်။
Source: www.thewokoflife.com
By: MyFood Myanmar