အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အာလူးကြော် ကြက်ဥချိစ်ပြားပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူးကြော်ရန်အတွက်

  • အာလူး ၄ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ကြက်ဥထဲသို့ မွှေခလောက်ထည့်ရန်

  • ထောပတ် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ကြက်ဥ (သို့) ဘဲဥ ၄ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ငရုတ်ကောင်းမုန့် အနည်းငယ်
  • ဝက်ဆားနယ်ခြောက် ၄ ပြား
  • ချိစ် ၈ အောင်စခန့် (အချောင်းလိုက် ခြစ်ချထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို အပူချိန် ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အာလူးကို အတုံးခပ်သေးသေးတုံးထားပြီး ကြက်သွန်နီကို ပါးပါးလှီးထားပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ အာလူးနဲ့ ကြက်သွန်တို့ထည့်ကြော်ပါ။ အနည်းငယ် မွှေပြီးတဲ့အခါ ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲမှာ သပ်သပ်ဖယ်ထားလိုက်ပါ။

ကြက်ဥ ၄ လုံးကို ပန်းကန်လုံးထဲသို့ ဖောက်ထည့်ပြီးနောက် နွားနို့ထည့်ကာ ခပ်နာနာလေး မွှေခလောက်ပေးလိုက်ပါ။

ပြီးရင် ဝက်ဆားနယ်ပြားကို ပါးပါးလှီးထားပါ။ Oven ထဲထည့်မယ့် ဒယ်အိုးအလတ်ဆိုဒ် နှစ်လုံးကို ထောပတ်သုတ်လိမ်းလိုက်ပါ။ (ဒယ်အိုးအကြီးရှိပါက တစ်လုံးတည်းနဲ့လည်း ရပါတယ်)

ဒယ်အိုးထဲသို့ အာလူးကြော်များ အညီအမျှခွဲထည့်လိုက်ပါ။

ဝက်သားများ ထပ်ထည့်ပြီး ကြက်ဥ နွားနို့ရည် လောင်းထည့်လိုက်ပါ။

ထို့နောက် ချိစ်အချောင်းလေးများကို ထပ်မံထည့်ထားပြီးနောက် Oven ထဲတွင် ၁၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ချိစ်များ အရည်ပျော်သွားပြီး ကြက်ဥလည်း ကျက်သွားပါလိမ့်မယ်။

ဒါဆိုရင်တော့ နတ်သုဒ္ဓါလို အရသာထူးကဲတဲ့ အာလူးကြော် ကြက်ဥချိစ်ပြား ရရှိသွားပါပြီ။

Source: couponclippingcook.com