မင်္ဂလာပါ။ တခါတလေ ဟင်းအများကြီး မချက်ချင်တော့ဘူး ပင်ပန်းတယ်ဆိုတဲ့ အိမ်ရှင်မတွေအတွက် အချိန်ကုန်လည်းသက်သာပြီး အရသာရှိရှိစားသုံးနိုင်ဖို့အတွက် ထမင်းကြော်လေးတစ်ပွဲကို မိတ်ဆက်ပေးချင်ပါတယ်။ အသားအနေနဲ့ ကလေးလူကြီးအကြိုက် ပင်လယ်စာအစုံပါတော့ အရသာကပိုပြီးကောင်းပြီပေါ့။
ပါဝင်ပစ္စည်းများ
- ထမင်းကြမ်း တပန်းကန်စာ
- ဆား အနည်းငယ်
- ကြက်သားမှုန့် အနည်းငယ်
- ပဲငံပြာရည် အကျဲ အနည်းငယ်နှင့် ပဲငံပြာရည်အပြစ် အနည်းငယ်
- သကြား အနည်းငယ် နှင့် ငရုတ်ကောင်း အနည်းငယ်
- ကြက်သွန်မြိတ် ၁ ပင်နှင့် ကြက်သွန်ဖြူ ၁မွှာ (ဥကြီး)
- ဆီ ၂ စားပွဲဇွန်း
- ကြက်ဥ ၁လုံး
- ပုဇွန် ၂ ကောင်
- ဂုံး ၄ ကောင်နှင့် ကင်းမွန် ၁ကောင်
ပြုလုပ်နည်း
- ဇလုံ တခုထဲမှာ ပါဝင်ပစ္စည်း ၂ ကနေ ၆ အထိထည့်ပီး ထမင်းမကြေအောင် ဖွဖွလေး နယ်ထားပါ။
- ပုဇွန်၊ ကင်းမွန် နှင့် ဂုံး တို့ကို သန့်စင်ပီး အဆင်သင့် ပြင်ထားပါ။
- ကြက်သွန်မြိတ် အဖြူရောင် အပိုင်းကို စွေစွေလေး လှီးထားပါ၊ အစိမ်းရောင် အပိုင်းကို မထူမပါး လှီးထားပါ။
- ကြက်သွန်ဖြူကို ဒါးပြားရိုက်ပီး နုတ်နုတ်စင်းထားပါ။
- ဆီပူနေတဲ့ ဒယ်အိုးထဲမှာ ကြက်ဥဖောက်ထည့် မွှေကြော်ပီး ခွက်တခုထဲ ခပ်ထားပါ၊
- လိုအပ်ရင် ဆီ အနည်ငယ် ထပ်ထည့်ပီး ကြက်သွန်မြိတ် အဖြူရောင် အပိုင်းနှင့် ကြက်သွန်ဖြူကြော်ပါ ၂-၃ ချက်မွှေပီး အသင့်ပြင်ထားတဲ့ အသားများ ထည့်မွှေပါ။ အသားအရောင် ပြောင်းသွားတာနဲ့ အသင့်နယ်ထားတဲ့ ထမင်းမွှေပေးပါ၊ မီးပြင်းပြင်းမှာ ခပ်မြန်မြန် မွှေပေးပါ၊
- ချခါနီးမှာ ကြက်ဥ ထည့်မွှေပါ။၊ ငရုပ်ကောင်းမှုန့် ဖြူးပါ၊ သုံးဆောင်မည့် ပန်းကန်ထဲ ခပ်ထည့် ကြက်သွန်မြိတ် ဖြူးပီး ပူပူနွေးနွေး သုံးဆောင်ပါ။