အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တရုတ်ရိုးရာသရေစာမုန့်တစ်ခုဖြစ်တဲ့ ပုစွန်အသားလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အခွံချွတ်ထားသော ပုစွန် ၁ ပေါင်ခန့်
- ကြက်ဥ ၁ လုံး (ကြက်ဥ အကာသာ အသုံးပြုပြီး မွှေခလောက်ထားပါ)
- ဆား (သို့) ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ဂျုံပြား ၈ ပြား
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အစားအစာများ တုံးတစ်ရောနှောသည့်စက်ထဲတွင် ပုစွန်၊ ကြက်ဥအကာ၊ ဆား (သို့) ငါးငံပြာရည်၊ သကြား၊ ဆန်မှုန့်၊ နှမ်းဆီ၊ ဆီနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေပေးလိုက်ပါ။ ပုစွန်အနှစ်များဖြစ်သွားတဲ့အထိ မွှေပေးလိုက်ရပါမယ်။
၂။ ဂျုံပြား ၈ ပြားကို အချောင်းလေးများဖြစ်သွားအောင် ကတ်ကြေးနဲ့ညှပ်ပေးလိုက်ပါ။ ပုစွန်အနှစ်များကို အနေတော် အလုံးလေးများလုံးလိုက်ပြီး ဂျုံချောင်းများနဲ့ ကပ်ပေးလိုက်ပါ။
၃။ ပုံမှာ ပြထားသလို ဂျုံချောင်းများက ပုစွန်အသားလုံးပေါ်မှာ ကပ်နေပါလိမ့်မယ်။
၄။ ပိုထွက်ပြီး ရှည်လျားနေတဲ့ ဂျုံချောင်းများကို ကတ်ကြေးနဲ့ညှပ်ပေးလိုက်ပါ။
၅။ ပုစွန်အသားလုံးများ လုံးပြီးသွားပါက ဆီပူထဲတွင် ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ပိုလျှံနေသောဆီများကို ဖယ်ထုတ်ဖို့ရန်အတွက် ကြော်ပြီးသား ပုစွန်လုံးများကို ဆီစုပ်စက္ကူပေါ် မိနစ်အနည်းငယ်တင်ထားလိုက်ပါ။
ထို့နောက် ပန်းကန်ပြားထဲပြောင်းထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားလို့ရပါပြီ။
Source: Rasamalaysia.com