အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တရုတ်ရိုးရာသရေစာမုန့်တစ်ခုဖြစ်တဲ့ ပုစွန်အသားလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အခွံချွတ်ထားသော ပုစွန် ၁ ပေါင်ခန့်
  • ကြက်ဥ ၁ လုံး (ကြက်ဥ အကာသာ အသုံးပြုပြီး မွှေခလောက်ထားပါ)
  • ဆား (သို့) ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံပြား ၈ ပြား

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အစားအစာများ တုံးတစ်ရောနှောသည့်စက်ထဲတွင် ပုစွန်၊ ကြက်ဥအကာ၊ ဆား (သို့) ငါးငံပြာရည်၊ သကြား၊ ဆန်မှုန့်၊ နှမ်းဆီ၊ ဆီနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး မွှေပေးလိုက်ပါ။ ပုစွန်အနှစ်များဖြစ်သွားတဲ့အထိ မွှေပေးလိုက်ရပါမယ်။

၂။ ဂျုံပြား ၈ ပြားကို အချောင်းလေးများဖြစ်သွားအောင် ကတ်ကြေးနဲ့ညှပ်ပေးလိုက်ပါ။ ပုစွန်အနှစ်များကို အနေတော် အလုံးလေးများလုံးလိုက်ပြီး ဂျုံချောင်းများနဲ့ ကပ်ပေးလိုက်ပါ။

၃။ ပုံမှာ ပြထားသလို ဂျုံချောင်းများက ပုစွန်အသားလုံးပေါ်မှာ ကပ်နေပါလိမ့်မယ်။

၄။ ပိုထွက်ပြီး ရှည်လျားနေတဲ့ ဂျုံချောင်းများကို ကတ်ကြေးနဲ့ညှပ်ပေးလိုက်ပါ။

၅။ ပုစွန်အသားလုံးများ လုံးပြီးသွားပါက ဆီပူထဲတွင် ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ပိုလျှံနေသောဆီများကို ဖယ်ထုတ်ဖို့ရန်အတွက် ကြော်ပြီးသား ပုစွန်လုံးများကို ဆီစုပ်စက္ကူပေါ် မိနစ်အနည်းငယ်တင်ထားလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲပြောင်းထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားလို့ရပါပြီ။

Source: Rasamalaysia.com