ကန်စွန်းရွက်ကို နေ့စဉ်ကြော်စားနေကျ ဒီအတိုင်းမဟုတ်ဘဲ မှိုလေးထည့်ပြီး ကန်ဇွန်းကြော်လေးစားကြမယ်။
ပါဝင်ပစ္စည်းများ
ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
ပါးပါးသေးသေး လှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – စားနိူင်သလောက်
ရေဆေးကာ လက်ညှိုးအရှည်ခန့်ဖြတ်ထားသော ကန်ဇွန်းရွက် – 280 g
ရေဆေးကာ အမြစ်ဖြတ်ထားသော မှို – 300 g
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ပြင်ဆင်ပြုလုပ်နည်း
ဆီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း ကို high heat ဖြင့် ၁ မိနစ်ခန့်ကြော်ပေးပါ။
ပြီးလျှင် ကန်ဇွန်းရွက်၊ မှို နှင့် ကြက်သားမှုန့် ထည့်ကာ ၄ မိနစ်ခန့် ခပ်ဖွဖွ အထက်အောက်လှန်ပြီးကြော်ပေးပါ။ (ထိုးခြေပြီးမမွှေပါနှင့်။)
စိမ်းစိမ်းလေးနွမ်းကျသွားသည်နှင့် မီးဖိုပေါ်မှချကာ ချက်ချင်း (အိုးအပူရှိန်ကြောင့် အစိမ်းရောင် မပြောက်သွားစေရန်) ပန်းကန်ထဲခူးထည့်ပြီး မှိုကန်ဇွန်းကြော်ကို အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
Credit: Chaw Su’s Food Friends