အားလုံးပဲ မင်္ဂလာပါ။ နွေရာသီကို ရောက်လာပြီဆိုတော့ ရာသီဥတုကလည်း တအားကိုပူလာပါတယ်နော်။ ချွေးတွေကထွက်ပြီး ဘယ်လိုမှမနေနိုင်လို့ ရင်ထဲအေးသွားစေမယ့် ရေခဲရေတို့ ဖျော်ရည်အေးအေးလေးတွေကိုပဲ ရှာသောက်ရတာလည်း တစ်လုပ်ပါနော်။
အခုက သရက်သီးပေါ်ချိန်လည်းရောက်နေပြီဆိုတော့ အိမ်မှာပဲ သရက်သီးဖျော်ရည်လေး လုပ်သောက်ကြရအောင်။
ပါဝင်ပစ္စည်းများ
- သရက်သီးအတုံးလေးတွေ – ၁ ခွက်စာ (အေးခဲပြီးသား)
- Greek Yogurt – ခွက်တစ်ဝက်
- နာနတ်သီးဖျော်ရည် – ၆ အောင်စ
- နို့ – ခွက်တစ်ဝက်
- ရေခဲတုံး – ၈-၁၂ တုံး
ပြင်ဆင်ပုံ
အထက်မှာဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ကြိတ်စက်ထဲရောထည့်လိုက်တာ ပျစ်နှစ်သွားတဲ့အထိ ကြိတ်ခြေပေးပါ။
ပြီးရင်တော့ အေးအေးလေး သောက်သုံးနိုင်ပါပြီ။
Featured Image Source: Smoothie Recipes