အားလုံးပဲ မင်္ဂလာပါ။ ရေခဲချောင်းချစ်သူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်တဲ့ သီးစုံဒိန်ချဉ် ရေခဲချောင်းပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကီဝီသီး ၁ လုံး
  • လိမ္မော်သီး ၁ လုံး
  • စတော်ဘယ်ရီဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဘလူးဘယ်ရီဒိန်ချဉ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • အပေါက် ၄ ခုပါသော ရေခဲချောင်းပြုလုပ်သည့် ပုံစံခွက် တစ်ခွက်

  • သကြားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကီဝီသီးကို အခွံခွာပြီးနောက် အဝိုင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ထိုအဝိုင်းကို လခြမ်းပုံသဏ္ဍာန် ထက်ခြမ်းခြမ်းလိုက်ပါ။

လိမ္မော်သီးကိုတော့ အခွံခွာပြီးနောက် တစ်မြွှာချင်းစီရဲ့ လိမ္မော်မျှင်များကို ဖယ်ရှားထားပါ။ ထို့နောက် တစ်မြွှာချင်းစီကို တစ်ဝက်ပိုင်းထားပါ။

၂။ ကီဝီသီးနှင့် လိမ္မော်သီးကို ပန်းကန်ပြားထဲ သပ်သပ်စီခွဲထည့်ပြီးနောက် သကြားအနည်းငယ် ဖြူးထည့်ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။ (သကြားအစား ပျားရည်ကိုလည်း အသုံးပြုနိုင်ပါတယ်)

၃။ ရေခဲချောင်း အပေါက်တစ်ပေါက်ချင်းစီသို့ ဘလူးဘယ်ရီဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းစီထည့်ပါ။ ထို့နောက် ကီဝီစိတ် ၂ စိတ်စီထည့်ပါ။ စတော်ဘယ်ရီဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းစီထည့်ပါ။ ထို့နောက် လိမ္မော်စိတ် ၂ စိတ်စီထည့်ပါ။

၄။ ထို့နောက် ရေခဲချောင်း တုတ်တံလေးကို အလယ်တည့်တည့်မှ ထိုးစိုက်ပြီးနောက် လုံအောင် ပိတ်ထားလိုက်ပါ။ ပြီးရင်တော့ ထိုပုံစံခွက်ကို ရေခဲသေတ္တာထဲတွင် တစ်ညခန့် ထည့်ထားလိုက်ပါ။

၅။ စားခါနီးကျမှ ထိုပုံစံခွက်ကို ရေထဲတွင် ခေတ္တခဏ စိမ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ ရေခဲချောင်းကို အလွယ်တကူ ဆွဲထုတ်လို့ရပါတယ်။

နောက်ဆုံးမှာတော့ အရောင်အသွေးစုံလင်ပြီး အရသာရှိတဲ့ သီးစုံဒိန်ချဉ် ရေခဲချောင်းကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Cookingwithdog.com