ချိုချိုစိမ့်စိမ့်လေးနဲ့ ပျစ်နှစ်တဲ့အရသာတွေနဲ့ ဒီဟင်းလေးက တခုနဲ့တခုဟန်ချက်ညီလှပါတယ်။ Curry ဟင်းတစ်ခုထဲမစားတတ်ဘူးဆိုရင် ထမင်း သို့မဟုတ် ကြိုက်နှစ်သက်ရာဂျုံ၊ ပြောင်းတစ်ခုခုနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီအကြီး (လှီးပြီးသား) – ၁ လုံး

ကန်စွန်းဥ (အခွံခွာ၊ လှီးပြီးသား) – ၁ လုံး

ရေ – ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ

သခွားဖရုံ (လှီးပြီးသား) – ၁ လုံး

အစိမ်းရောင်ငရုတ်ပွသီး (လှီးပြီးသား) – ၁ လုံး

အစိမ်းရောင်းပန်းသီးအကြီး (လှီးပြီးသား) – ၁ လုံး

အ၀ါရောင်စပျစ်ခြောက်များ – ခွက်တစ်ခွက်ရဲ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ – ၃ မြွှာ

နနွင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Curry အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထောင်းထားသည့်သစ်ကြံပိုးခေါက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား၊ ငရုတ်ကောင်း – အနည်းငယ်

ပြင်ဆင်ပုံအဆင့်ဆင့်

အရွယ်အစားကြီးသည့် saucepan အထဲကိုကြက်သွန်နီထည့်ပြီး မီးအလယ်အလတ်နဲ့ ငါးမိနစ်ခန့်ထည့်မွှေပေးပါ။

ကန်စွန်းဥနှင့်ရေတို့ကိုထည့်ပြီး ကန်စွန်းဥတွေနူးလာသည်အထိ ငါးမိနစ်ခန့်ချက်ပေးပါ။

ကျန်ရှိနေတဲ့ပါဝင်ပစ္စည်းတွေကိုလည်း ပေါင်းထည့်ပေးပြီး ဆယ်မိနစ်ကြာအောင် ချက်ပေးပါ။

မိမိခံတွင်းအရသာပေါ်မူတည်ပြီး ဆား၊ ငရုတ်ကောင်းတို့ကို ထည့်သွင်းပြီးလျှင် နောက်ထပ်ငါးမိနစ်ခန့်ကြာအောင် ချက်ပြုတ်ပေးပါ။

ပြီးလျှင်တော့ မီးဖိုပေါ်မှချပြီး ပန်းကန်ထဲသို့ပြောင်းထည့်ပေးကာ ထမင်းနှင့်ဖြစ်စေ၊ ဂျုံပြောင်းတို့နှင့်ဖြစ်စေ အရသာရှိရှိ တွဲဖက်စားသုံးနိုင်မှာဖြစ်ပါတယ်။