အားလုံးပဲမင်္ဂလာပါ။ နွေရာသီရဲ့ အပူဒဏ်က တစ်နေ့ထက်တစ်နေ့ ပူလောင်အိုက်စပ်နေတာပါပဲ။ ဒီလို ပူအိုက်တဲ့အချိန်လေးမှာ ရေခဲသုပ်လေး စားလိုက်ရရင်ဖြင့် သိပ်ကောင်းမှာပဲဆိုပြီး တမ်းတမိကြမှာပဲနော်။ ဒါ့ကြောင့် နေ့ခင်းနေ့လည် ပူအိုက်တဲ့အချိန်မှာ အိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်မယ့် သီးစုံရေခဲသုပ် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေခဲတုံးများ ၄၀၀ ဂရမ်
  • နို့ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • စတော်ဘယ်ရီသီး ၈၀ ဂရမ်
  • ကီဝီသီး ၄၅ ဂရမ်
  • ဘလူးဘယ်ရီသီး ၄၅ ဂရမ်

  • နာနတ်သီး ၄၅ ဂရမ်
  • နာနတ်ယို စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ စတော်ဘယ်ရီ တစ်လုံးကို ၃ ခြမ်း ခြမ်းပါ။ ကီဝီသီးကို ပါးပါးလှီးပါ။ နာနတ်သီးကိုလည်း ပါးပါးလှီးထားပါ။

၂။ ရေခဲတုံးများကို စားစရာများ တုံးတစ်ရောနှောသည့်စက် (Food Processor) ထဲထည့်ပြီး စက္ကန့် ၂၀ ခန့် ကြိတ်ချေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ရေခဲခြစ်များကို ပန်းကန်လုံးထဲ ထည့်ပြီး နို့ဆီ ဆမ်းပေးလိုက်ပါ။ ထို ရေခဲခြစ်အပေါ်မှာ သစ်သီးများနဲ့ နာနတ်ယို ထည့်လိုက်ပါ။ ထိုသစ်သီးအပေါ်မှာ နို့ဆီ ထပ်ဆမ်းပေးလိုက်ပါ။

၄။ ထို့နောက် သစ်သီးနဲ့ ရေခဲခြစ်များကို သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ သီးစုံရေခဲသုပ်ကို သုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com