ပီဇာချစ်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ သစ်သီးပီဇာပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဂျုံမှုန့် ၁၇၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ် ၆၈ ဂရမ်
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်ဥ ၂ လုံး
  • စတော်ဘယ်ရီသီး ၇ လုံးမှ ၁၀ လုံးခန့်နှင့် ဘလူးဘယ်ရီသီး အနည်းငယ်
  • ကီဝီသီး ၆ လုံး
  • စပျစ်သီး တစ်တွဲ
  • သရက်သီး ၁ လုံး

ခရင်မ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရင်မ်ချိစ် ၁၂ အောင်စ
  • ထောပတ် ၆၈ ဂရမ်
  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား ၁၇၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ် ၆၈ ဂရမ်၊ သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ ကြက်ဥနှင့် Vanilla Extract တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ အနှစ်လေး ရလာပါက ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ထည့်ကာ ဂျုံလုံးရအောင် လုံးပေးလိုက်ပါ။ ရရှိလာတဲ့ ဂျုံလုံးကို သန့်စင်သော ရေစိုအဝတ်စဖြင့် မိနစ် ၃၀ ခန့် အုပ်ထားပေးလိုက်ပါ။

သစ်သီးများကို ခပ်ပါးပါးလှီးဖြတ်ထားပါ။

၂။ Oven ကို ၃၅၀ ဒီဂရီဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ထို့နောက် ဂျုံလုံးကို ဒလှိမ့်တုံးဖြင့် လုံးပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန် အညီအမျှလှီးဖြတ်ကာ လင်ဗန်းပေါ်တွင် တင်ထားပါ။ ထို့နောက် Oven ထဲထည့်ကာ ၁၂ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ သတ်မှတ်ထားသော အချိန်ပြည့်ပါက မီးဖိုထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။

၃။ ခရင်ချိစ် ပြုလုပ်ဖို့ရန်အတွက် လျှပ်စစ်မွှေစက် (Electric Mixer) အသုံးပြုကာ ခရင်မ်ချိစ်၊ ထောပတ်၊ သကြားနှင့် သစ်ခွရည်တို့ထည့်ကာ အနှစ်ရလာအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ ခရင်မ်အနှစ်များကို စောစောကအအေးခံထားသော ဂျုံပြား၏ မျက်နှာပြင်ပေါ်မှာ အညီအမျှခွဲထည့်လိုက်ပါ။

၄။ နောက်ဆုံးတစ်ဆင့်အနေနဲ့ သစ်သီးများကို ခရင်မ်မျက်နှာပြင်ပေါ်တွင် လှလှပပအလှဆင်ပေးလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးပီဇာတစ်ချပ် ရရှိသွားပါပြီ။

Source: Pinchofyum.com