ဒီတစ်ခါမှာတော့ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ကိုက်လန်ကို ခရုဆီလေးနဲ့ အရသာရှိရှိလေးကြော်စားလို့ရမယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး ကိုက်လန်တွေကို အရိုးသပ်သပ်၊ အရွက်သပ်သပ်လှီးပြီး ထည့်ထားပါ။

ခရုဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းခွဲကို ပန်းကန်ထဲထည့်ပြီး ငံပြာရည် – စားပွဲတင်ဇွန်း တစ်ဝက်ကိုထည့်လိုက်ပါ။ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောထည့်ပြီး မွှေထားလိုက်ပါ။

ရုပ်ကောင်းမှုန့်အဖြူ – အနည်းငယ်ကို ပန်းကန်တစ်ခုထဲ အဆင်သင့်ထည့်ထားပါ။

ကြက်သွန်ဖြူ – ၇ တက်ကို ထည့်ထောင်းပါမယ်။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူတွေထည့် ဆီသက်ပါမယ်။

ကိုက်လန်ကို အရိုးတွေအရင်ထည့်ကြော်ပါမယ်။

အရိုးနူးခံနီးမှ အရွက်ထည့်ပါ။ ပြီးတာနဲ့ ခုနကအဆင်သင့်လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး ကြော်ပါမယ်။

ရပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ခရုဆီနဲ့ အရသာရှိရှိလေးကြော်ထားတဲ့ ကိုက်လန်ကို ရရှိသွားပါပြီ။

Source: www.pailin’skitchen