ကြက်သွန်မြိတ် အမဲသားပြားကြော်က ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းပွဲတစ်ပွဲပဲဖြစ်ပါတယ်။ ချက်ပြုတ်ရ လျင်မြန်လွယ်ကူတဲ့ဟင်းလျာကို ချက်ပြုတ်ချင်သူများအတွက် ဒီဟင်းလျာက အသင့်တော်ဆုံးပါပဲ။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၂ အောင်စ (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသာ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားပြားများကို ပန်းကန်လုံးအကြီးထဲထည့်ပြီးနောက် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ကာ သမအောင် နယ်ပါ။

၂။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပြီးနောက် ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ဖြူက အညိုဖျော့ရောင်ပြောင်းသွားပါက အမဲသားများ ၅၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ မွှေကြော်ပါ။

၃။ ထို့နောက် ကြက်သွန်ဖြူအမှုန့်နှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် ရောကြော်ပါ။ အမဲသားများ ရာနှုန်းပြည့် ကျက်သွားသည်အထိ ကြော်ပြီးတဲ့နောက်မှာ အရသာအပေါ့အငန်မြည်းကြည့်နိုင်ပါတယ်။ လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

ထို့နောက် ကြက်သွန်မြိတ်များ ဖြူးထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားပြားကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

ထမင်းကြော်နဲ့ တွဲစားမယ်ဆိုရင်လည်း လိုက်ဖက်တဲ့အရသာကို မြည်းစမ်းနိုင်မှာဖြစ်သလို ထမင်းဖြူနဲ့ စားမယ်ဆိုရင်တော့ ပန်းဂေါ်ဖီစိမ်းလေးနဲ့ ပိုလိုက်ဖက်ပါတယ်။

Source: Kirbiecravings.com