အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် အလွယ်တကူပြုလုပ်စားသောက်နိုင်တဲ့ ချိစ်အရသာပေါင်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပြားအောင်ထောင်းထားပြီး ပါးပါးလှီးပါ)
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပေါင်မုန့် ၈ ချပ်နှင့် ချိစ် ၈ အောင်စခန့်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်ခဲကို အရည်ပျော်အောင် အပူပေးပြီးနောက် ကြက်သွန်ဖြူ၊ နံနံပင်တို့ဖြင့် ရောမွှေလိုက်ပါ။ ရရှိလာသော ထောပတ်အရောအနှောများကို ပေါင်မုန့်ရဲ့ မျက်နှာပြင်တစ်ဖက်တစ်ချပ်စီမှာ သုတ်လိမ်းလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပါ။ ထောပတ်သုတ်လိမ်းထားသော ပေါင်မုန့်ချပ်များကို ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးလိုက်ပါ။

၃။ မီးအပူချိန်ကို လျော့လိုက်ပါ။ ပေါင်မုန့်ချပ်ပေါ်တွင် ချိစ်အချောင်းများ တင်ထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးလိုက်ပါ။

၄။ အခြားပေါင်မုန့်တစ်ချပ်ကို ချိစ်ပေါ်တွင် ကပ်လိုက်ကာ ယောင်းမပြားနှင့် ညင်သာစွာဖိချလိုက်ပါ။ အခြားသောပေါင်မုန့်ချပ်များကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

ရရှိလာတဲ့ ချိစ်ပေါင်မုန့်ကို ဒယ်အိုးထဲမှ ဆယ်ယူပြီးနောက် အလယ်ဗဟိုတည့်တည့်မှ ဓားဖြင့် လှီးဖြတ်လိုက်ပါ။

ထိုပေါင်မုန့်ပူပူနွေးနွေးလေးကို နွားနို့၊ ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တွဲစားလိုက်မယ်ဆိုရင် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ မနက်စာလေးကို သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com