အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆီမပါဘဲ ချိုဆိမ့်အရသာရော အချဉ်အရသာပါ ပါဝင်တဲ့ ပုစွန်ဟင်းလျာကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်ခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နံနံပင်အနည်းငယ်
  • သံပုရိုသီး တစ်လုံး (အရည်ညှစ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို မီးအပူပေးပြီး ဒယ်အိုးထဲသို့ ထောပတ်များ ထည့်လိုက်ပါ။ ထောပတ်အရည်ပျော်လာပါက ပုစွန်ထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပါ။

၂။ ပုစွန်များ ပန်းရောင်သမ်းလာသည်အထိ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ မွှေပေးရပါမယ်။

၃။ ကြက်သွန်ဖြူ ထပ်ထည့်ပြီး တစ်မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၄။ နောက်ဆုံးမှာတော့ သံပုရိုရည်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ မီးပိတ်ပြီးနောက်မှာ နံနံပင်ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ ထောပတ်ရဲ့ ချိုဆိမ့်အရသာ၊ သံပုရိုသီးရဲ့ အချဉ်အရသာတို့ အချိုးကျကျ ရောစပ်နေတဲ့ ပုစွန်ဟင်းလျာတစ်ခွက်ကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: dinneratthezoo.com