အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာကတော့ ထောပတ်ရနံ့သင်းသင်းပျံ့ပျံ့လေးနဲ့ စားလို့လည်း တကယ်ကောင်းတဲ့ အမဲသားကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပါဲတင်ဇွန်း ၁ ဇွန်း
  • အမဲသား ၁ ပေါင်ခွဲ (အနေတော် အတုံး တုံးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားတုံးများထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းဖြူးထည့်ပါ။

၂။ ထိုအမဲသားကို ၄ မိနစ်ခန့် (ရွှေညိုရောင် ပြောင်းလာသည်အထိ) မွှေကြော်ပေးလိုက်ပါ။ (သင့်ဒယ်အိုးက သေးတယ်ဆိုရင်တော့ အမဲသားကို ၂ ခါ၊ ၃ ခါ ခွဲကြော်ပေးရပါမယ်)

၃။ ရရှိလာတဲ့ အမဲသားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။ ဒယ်အိုးထဲသို့ ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ လျော့ချလိုက်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၄။ ဆီသတ်ထားတဲ့ ထောပတ်ကြက်သွန်ဖြူကို အမဲသားကြော်ပေါ် လောင်းချလိုက်ပါ။ ထို့နောက် နံနံပင်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Jocooks.com