အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပျားရည်ဆော့စ်နဲ့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ အရသာရှိရှိ ကြော်စားနိုင်မယ့် ကြက်သားကြွပ်ကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၈ တုံး (အရေခွံနှင့် အရိုးတို့ကို ဖယ်ရှားထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပျားရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ပြောင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။

၃။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့်ကြော်ပါ။

၄။ ကြက်သားများ ရွှေညိုရောင်ပြောင်းသွားပါက ဒယ်အိုးထဲသို့ ထောပတ်ထည့်ပါ။ ထောပတ်များ အရည်ပျော်သွားပါက ကြက်သွန်ဖြူထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပျားရည်၊ ကြက်ပြုတ်ရည်၊ ဆန်ရှာလကာရည်နှင့် ပဲငံပြာရည်အကြည်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၆။ ရရှိလာတဲ့ ပျားရည်ဆော့စ်ကို ကြက်သားဒယ်အိုးထဲ လောင်းထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ဆော့စ်က ပျစ်သွားတဲ့အခါမှာတော့ ကြက်သားအိုးကို မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပျားရည်ဆော့စ်နဲ့ ကြော်ထားတဲ့ ကြက်သားကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Kitchensanctuary.com