ဝိတ်ချနေတဲ့သူတွေက ညနေပိုင်းဆို ထမင်းမစားပဲ အရွက်ကြော်တွေပဲ စားကြတာမျိုး ရှိပါတယ်။ ဒီလို အရွက်ကြော်ပဲစားမယ်ဆိုရင်လည်း စားချင်စဖွယ်လေးနဲ့ အရသာရှိအောင်ကြော်မှ စားလို့ကောင်းတာဆိုတော့ ဂေါ်ဖီကြော်ကို အရသာရှိရှိနဲ့ စားချင်စဖွယ်ဖြစ်အောင် ဘယ်လိုကြော်ရမလဲဆိုတဲ့ နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ကော်ဖီတွေကို ဇလုံတစ်လုံးစာရအောင် တစ်လက်မ အရွယ်လောက်လေးတွေလှီးထားပါ။

ကြက်သွန်ဖြူ – ၉ တက်ကို အခွံခွာပြီး ဓားပြားရိုက်ပါမယ်။

ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာတွေကို ထည့်ပြီး ဆီသန့်ပါမယ်။

ကြက်သွန်ဖြူ အရောင်နည်းနည်းပြောင်းလာတာနဲ့ လှီးထားတဲ့ ဂေါ်ဖီတွေထည့်ကြော်ပါမယ်။ ငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ အဖြူရောင် ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပါမယ်။

ဂေါ်ဖီနူးပြီဆိုရင်တော့ ပန်းကန်ထဲကို သပ်သပ်ရပ်ရပ်လေး ခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဝိတ်ချနေတဲ့သူတွေအတွက်ကတော့ စားလို့ကောင်းမယ့် ဂေါ်ဖီကြော်တစ်ပွဲ ဖြစ်ပါလိမ့်မယ်။

Source: www. pailin’skitchen.com