အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သပ်သတ်လွတ်သမားများအတွက် အရသာရှိတဲ့ ပန်းဂေါ်ဖီစမ်း ပဲပြားရောကြော် ဟင်းလျာပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ ပေါင်
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့်
  • ငရုတ်သီး ၆ တောင့် (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီ ၇၅၀ မီလီလီတာခန့် (ပန်းကန်လုံး ၃ လုံးစာ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်ပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန့်နှစ်ပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများ

  • ရေ (သို့) ကြက်ပြုတ်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပဲပြားကို ၂ စင်တီမီတာပတ်လည် လှီးဖြတ်ထားပါ။ ပန်းဂေါ်ဖီစိမ်းကိုလည်း အနေတော်လှီးဖြတ်ထားပါ။

၂။ ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင်ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည်အနောက်၊ သကြား၊ ငရုတ်ဆီ၊ ဆားတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ကြက်ပြုတ်ရည် (သို့) ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ရေထည့်ကာ ပန်းဂေါ်ဖီစိမ်းများကို ၂ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက်ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၅။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ပဲပြားတုံးများ ထည့်ကြော်လိုက်ပါ။

၆။ ပဲပြားကြော်ပြီးသွားပါက ဒယ်အိုးထဲတွင် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းသာ ချိန်ထားပြီးနောက် ငရုတ်သီးများ ထည့်ကြော်လိုက်ပါ။ ပဲပြားကြော်များနှင့် ပန်းဂေါ်ဖီစိမ်းများကို ကြက်သွန်ဖြူ၊ ဂျင်းတို့နှင့်အတူ အိုးထဲထည့်ကြော်လိုက်ပါ။ သုံးစက္ကန့်ခန့်ကြော်ပြီးပါက အဆင့်(၂)က မွှေထားသော ဆော့စ်များထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၇။ ထို့နောက် ပြောင်းမှုန့်အနှစ်နှင့် နှမ်းဆီတို့ကို အိုးထဲသို့လောင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း၊ ပဲပြားကြော်လေး ရရှိသွားပါပြီ။ စားခါနီးကျမှ နှမ်းစေ့ (သို့) ကြက်သွန်မြိတ်လေးဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com