အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အနောက်တိုင်းဟင်းလျာကြိုက်နှစ်သက်သူများအတွက် ဂျာမန်စတိုင်လ် အာလူးသုပ် ပူပူလေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး ၂ ပေါင်ခွဲခန့်
- ကြက်သွန် ၁ လုံး (ပါးပါးလှီးထားပါ)
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ရေ ၁၂၅ မီလီလီတာခန့်
- ဝက်ဆားနယ်ခြောက် ၈ ပြား
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အာလူးများကို အခွံခွာ၊ ရေဆေးပြီးနောက် အနေတော်အတုံး တုံးထားပါ။ အိုးထဲ ရေထည့်ပြီးနောက် ဆားထည့်လိုက်ပါ။ အာလူးတုံးများကို ထိုအိုးထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ပြုတ်လိုက်ပါ။
၂။ အာလူးပြုတ်နေချိန်မှာ ဝက်ဆားနယ်ခြောက်များကို ကြွပ်ကြွပ်လေးဖြစ်အောင် ကြော်ပေးလိုက်ပါ။ ထို့နောက် ဝက်ဆားနယ်ခြောက်များကို ပန်းကန်ထဲသို့ ဆယ်ထည့်လိုက်ပါ။ ဒယ်အိုးထဲသို့ ကြက်သွန်များထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိကြော်ပေးရပါမယ်။ ဂျုံမှုန့်ထပ်ထည့်ပြီး တစ်မိနစ်ခန့် တည်ထားလိုက်ပါ။ ထိုအိုးထဲသို့ ရှာလကာရည်၊ ရေ၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်လိုက်ပါ။
၃။ အာလူးပြုတ်နေတဲ့အချိန် ပြည့်သွားပါက အာလူးတုံးများကို ဆယ်ယူပြီး ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။ အာလူးပေါ်သို့ စောစောက တည်ထားသော ကြက်သွန်အနှစ်များ လောင်းချလိုက်ပါ။ နံနံပင်ဖြူးထည့်လိုက်ပါ။ ထို့နောက် ဝက်ဆားနယ်ခြောက်များ ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။
နောက်ဆုံးမှာတော့ ဂျာမန်စတိုင်လ် အာလူးသုပ်ပူပူနွေးနွေးလေးကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။
Source: spendwithpennies.com