အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး အရသာရှိတဲ့ ဂျင်း ကြက်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၃ ပင် (ကြက်သွန်မြိတ် အစိမ်းနှင့် အဖြူကို သပ်သပ်စီ ခွဲကာ ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ထက်ဝက်လှီးထားပါ)နှင့် ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
  • ဂျင်း ၆ ပြား (ခပ်ထူထူလှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သား ၂၄ အောင်စ (တစ်လက်မပတ်လည် အတုံးငယ် လှီးဖြတ်ထားပါ)

  • ဟင်းချက်ဝိုင် ၆၀ မီလိလီတာနှင့် ကြက်ပြုတ်ရည် ၃၇၅ မီလီလီတာ
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇါန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းထည့်ကာ ၁၅ စက္ကန့်ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ကြက်သားထည့်ကာ ၄၅ စက္ကန့် ထည့်ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို တစ်ဖက်လှန်လိုက်ကာ ၁၅ စက္ကန့်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်မြိတ်ရဲ့ အဖြူပိုင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ရောကြော်ပေးလိုက်ပါ။

၃။ ဟင်းချက်ဝိုင်ထည့်ကာ နောက်ထပ် စက္ကန့် ၂၀ ခန့် မွှေကြော်ပေးလိုက်ပါ။ ကြက်ပြုတ်ရည်၊ သကြားညို၊ ပဲငံပြာရည်အကြည်နှင့် အနှောက်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အိုးအဖုံးအုပ်ပြီးနောက် မီးပြင်းပြင်းဖြင့် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ထို့နောက် အိုးအဖုံးဖွင့်ကာ အရည်များ ခမ်းသွားသည်အထိ (၇ မိနစ်ခန့်) တည်ထားလိုက်ပါ။ ကြက်သွန်မြိတ် အစိမ်းထည့်ကာ မွှေပေးလိုက်ပါ။ ပြောင်းမှုန့်အရည်ထည့်ပြီးနောက် အရည်များ ပျစ်သွားသည်အထိ တည်ပေးရပါမယ်။

ပြောင်းမှုန့်အရည် ပျစ်သွားတဲ့အခါမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ ဂျင်း ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com